The Institute for Strategy and Policy – Myanmar-logo

The Institute for Strategy and Policy – Myanmar

Government

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Location:

United States

Description:

The Institute for Strategy and Policy – Myanmar (ISP – Myanmar) is an independent, non-partisan and non-governmental think tank. Established in 2016, ISP-Myanmar aims to promote democratic leadership and strengthening civic participation in Myanmar through its key strategic programs and initiatives. The institute primarily focuses on research, capacity building, leadership engagement, communication and outreach programs, and desk initiatives on Peace and China issues.

Language:

English


Episodes
Ask host to enable sharing for playback control

နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နှင့် လက်တွေ့ကျသော မဟာဗျူဟာ

3/28/2024
“စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခကို အခြေအနေသစ်တခုဆီ တွန်းပို့လိုက်ပါပြီ။ နွေဦးတော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံရေးအဖြေဟာ ၂၀၂၁ ခုနစ် အာဏာမသိမ်းခင် အခြေအနေမျိုးကို ပြန်သွားနိုင်ရေးဆိုတာမျိုးက မဆီလျော်တော့သလို၊ “စစ်ဆင်ရေး ၁၀၂၇”ဟာ မြန်မာ့ပဋိပက္ခမြေပုံနဲ့ ပထဝီနိုင်ငံရေးကို ခွဲမရအောင် ပိုမိုရှုပ်ထွေးစွာ ချိတ်ဆက်လိုက်သလိုဖြစ်ခဲ့ပါပြီ။ “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ဝေခဲ့တဲ့ နောက်ဆုံးသုံးသပ်ချက်မှာ နိုင်ငံရေးစိတ်ကူးစိတ်သန်းသစ်နဲ့ လက်တွေ့ကျတဲ့ မဟာဗျူဟာအကြောင်း ရေးသားဖော်ပြထားတာကို အခု Podcast မှာ နားဆင်ကြရပါမယ်။

Duration:00:17:49

Ask host to enable sharing for playback control

တရုတ်လိုလားသော တည်ငြိမ်မှုမျှခြေနှင့် မမျှော်မှန်းနိုင်သည့် အန္တရာယ်

3/28/2024
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက မြှုပ်နှံထားတဲ့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ “စစ်ဆင်ရေး ၁၀၂၇” ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း (ရှမ်းမြောက်ဒေသ)မှာ တည်ရှိတဲ့အတွက် ဒီစစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ “စစ်ဆင်ရေး ၁၀၂၇”နဲ့ ပတ်သတ်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက်သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ဝေခဲ့တဲ့ ဒုတိယမြောက်သုံးသပ်ချက်မှာ စစ်ပွဲနဲ့ ခွဲမရအောင်ချိတ်ဆက်နေတဲ့ စီးပွားရေးဆိုင်ရာတွေအပြင် တရုတ်နိုင်ငံရဲ့တုံ့ပြန်ပုံတွေအကြောင်း ပိုင်းခြားဆန်းစစ်ထားတာတွေကို အခု Podcast မှာ နားဆင်ကြရပါမယ်။

Duration:00:11:02

Ask host to enable sharing for playback control

လမ်းများအားလုံး လောက်ကိုင်သို့လား၊ နေပြည်တော်ဆီလား

1/5/2024
‘စစ်ဆင်ရေး ၁၀၂၇’ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျားဖြန့်လိမ်လည်မှုတွေ ပပျောက်ဖို့၊ မိမိတို့ဒေသကို မိမိတို့ အခုထက်ပိုထိန်းချုပ်ဖို့နဲ့ စစ်အာဏာရှင် စနစ်အမြစ်ဖြတ်ဖို့ ဆိုပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့ပတ်သက်ပြီး ISP-Myanmar က ကနဦးသုံးသပ်ချက် သုံးခုကို ရေးသားဖြန့်ဝေခဲ့ပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ အခုတပုဒ်မှာတော့ စစ်ဆင်ရေးနောက်ခံနဲ့ စစ်ပွဲကနေ ပေးနေတဲ့ အချက်ပေးနေပုံအကြောင်း သုံးသပ်ထားချက်တွေကို အခု Podacst မှာ နားဆင်ကြရပါမယ်။

Duration:00:10:39

Ask host to enable sharing for playback control

ဆိုင်ကလုန်းမိုခါ အယ်နီညိုရှေ့ပြေးနှင့် မြန်မာ့ပဋိပက္ခအနာဂတ်

6/9/2023
၂၀၂၃ ခုနှစ် မေ ၁၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဗဟိုပြုပြီး ဝင်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူဦးရေ ၅ ဒသမ ၄ သန်း ဟာ မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။ အခုမုန်တိုင်းဟာ ဒီနှစ်မိုးရာသီအတွက် ပထမဆုံးဖြစ်ပေမဲ့ အစွန်းရောက်သဘာဝဘေးအယ်လ်နီညို (El Niño) ရှေ့ပြေးရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ ယခု Podcast မှာတော့ ဆိုင်ကလုန်းမိုခါအပါအဝင် အယ်နီညိုသဘာဝဘေးတို့ရဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာ့အနာဂတ်အပေါ် သက်ရောက်မှုတို့ကို နားဆင်ရမှာဖြစ်ပါတယ်။

Duration:00:10:44

Ask host to enable sharing for playback control

အထိုင်သစ်ပြန်ချလာတဲ့ တရုတ်ရဲ့ မြန်မာ့အရေးမူဝါဒ

6/2/2023
အာဏာသိမ်းမှုအလွန် မြန်မာ့အရေးအကျပ်အတည်းအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ အထိုင်သစ်ပြန်ချလာတာကို တွေ့ရပါတယ်။ တရုတ်ရဲ့ ပြောင်းလဲလာတဲ့ မူဝါဒနဲ့ အခြေအနေတွေကို ယခု Podast မှာ သုံးသပ်တင်ပြထားပါတယ်။

Duration:00:11:20

Ask host to enable sharing for playback control

အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်ဝင်္ကပါထဲ ဇွတ်တိုးဝင်ခြင်း

2/23/2023
“ပုံမှန်မဟုတ်သောအခြေအနေ” ဆိုတဲ့ အကြောင်းပြချက်နဲ့ ၆ လသက်တမ်းတိုးပြီး မြို့နယ် ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဟာ စစ်ကောင်စီအနေနဲ့ စစ်၀င်္ကပါထဲကို တိုးဝင်ပြီး ဘယ်လိုနောက် ဆက်တွဲအခြေအနေတွေ ဖြစ်နိုင်တယ်ဆိုတာကို ယခု Podcast မှာသုံးသပ်တင်ပြထားပါတယ်။

Duration:00:05:43

Ask host to enable sharing for playback control

ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်

7/18/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘယ်အကြောင်းချက်တွေကြောင့် ပြည်တွင်းစစ် တာရှည်နေ သလဲဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:10:37

Ask host to enable sharing for playback control

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု

6/17/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) အဖြစ် ဖော်ပြခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြားက မဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးပြီး အလေးထားဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:11:15

Ask host to enable sharing for playback control

အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း

6/17/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) အဖြစ် ဖော်ပြခဲ့တဲ့ အကြမ်းမဖက်လူထုတိုက်ပွဲ၊ လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုအကြောင်းကို မြန်မာ့နိုင်ငံရေး မြေပြင်အခြေအနေ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ပြီး သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:11:21

Ask host to enable sharing for playback control

သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည်

6/17/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) အဖြစ် ဖော်ပြခဲ့တဲ့ လေ့လာသင်ယူမှု ရရှိနိုင်ခြင်းဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်တဲ့အတွက် ပညာရေးမူဝါဒပဲ ဖြစ်ဖြစ်၊ လှုံ့ဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်အနေနဲ့ ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:12:22

Ask host to enable sharing for playback control

ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့

6/16/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) အဖြစ် ဖော်ပြခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားစေဖို့အတွက် နိုင်ငံရေးဓလေ့ ရှုထောင့်က အာဏာကိုရှုမြင်ပုံတွေအကြောင်း သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:10:25

Ask host to enable sharing for playback control

အကြမ်းမဖက် လူထုလှုပ်ရှားမှု၏ အစွမ်းထက်ဆုံး လက်နက်တခု

6/16/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၁) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ရဲ့ နိုင်ငံရေးအင်အားကို ချည့်နဲ့သွားအောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ အဆက်မပြတ် ဖိအားပေးဖို့လိုတယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:11:25

Ask host to enable sharing for playback control

လူထုလှုပ်ရှားမှု အနိုင်အရှုံးရလဒ်အကြောင်း စဉ်းစားပုံ

6/14/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၉) အဖြစ် ဖော်ပြခဲ့တဲ့ လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်ဟာ နိုင်ငံတော် သာမက သာမန်လူတဦးချင်းစီရဲ့ ဘဝဇာတ်ကြောင်းကိုပါ အလှည့်အပြောင်း ဖြစ်စေတဲ့ ရလဒ်တွေ ရှိတတ်တယ် ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:07:39

Ask host to enable sharing for playback control

အာဏာရှင်ဒေါက်တိုင် နောက်ခံနိုင်ငံကြီးများ၏ ဘက်ပြောင်း ထောက်ခံမှုအကြောင်း လေ့လာချက်

6/14/2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်နေ့ က အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၈) အဖြစ် ဖော်ပြခဲ့တဲ့ အာဏာရှင်ကို ကျောထောက် နောက်ခံပေးထားတဲ့ အင်အားကြီးနိုင်ငံတွေဟာ ဘယ်လို အခြေအနေမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ပြောင်းလဲထောက်ခံသလဲ ဆိုတဲ့ သုတေသနရှုထောင့်အရ လေ့လာချက်ကို ယခု Podcast မှာ နားဆင်ရပါမယ်။

Duration:00:08:57

Ask host to enable sharing for playback control

အခြေမခိုင် မဏ္ဍပ်နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု

6/14/2022
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့က ကနဦးသုံးသပ်ချက်အမှတ် - (၉) အဖြစ်ဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ ဘာကိုဆိုလိုသလဲ ဆိုတာအပြင် ဒီဖိတ်ခေါ်ချက်နဲ့ပတ်သတ်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ ဖြစ်တန်ခြေ ၂ ရပ်အကြောင်း လေ့လာဆန်းစစ်ချက်ကို ယခု Podcast မှာ နားဆင်ရ ပါမယ်။

Duration:00:06:54

Ask host to enable sharing for playback control

မြန်မာ့အရေး အသုံးချခံမြေစာပင် ဖြစ်နိုင်ခြေ

3/21/2022
မြန်မာ့အရေး နိုင်ငံတကာ အထူးကိုယ်စားလှယ်တွေဟာ ရလဒ်ထွက်အောင် မလုပ်နိုင်သေးသလို၊ ယုံကြည်ထိုက်လောက်တဲ့ ကိုးစားခံရမှု အားသာချက်လည်း ကျဆင်းနေပါတယ်။ တချိန်တည်း မှာပဲ မြန်မာ့အကျပ်အတည်းဟာ ပြဿနာပြေလည်ရေးထက် အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုအတွက် အသုံးချခံ မြေစာပင် ဖြစ်လာနိုင်တဲ့ အခင်းအကျင်းတွေလည်း ရှိလာပါတယ်။ ဒီအကြောင်း ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက်ကို အခု Podcast မှာ နားဆင်နိုင်ပါပြီ။

Duration:00:07:49

Ask host to enable sharing for playback control

အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်မှု သုံးချက်

2/18/2022
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အခြေအနေတွေအပေါ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏ တုံ့ပြန်ချဉ်းကပ်ပုံ အချက် သုံးချက်ကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။

Duration:00:05:46

Ask host to enable sharing for playback control

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများနှင့် ပဋိပက္ခလားရာ

2/18/2022
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေနဲ့ ပဋိပက္ခမြေပုံလားရာ စတဲ့ ဆက်စပ်အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။

Duration:00:06:29

Ask host to enable sharing for playback control

ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများ အခြေအနေ

2/17/2022
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။

Duration:00:06:55

Ask host to enable sharing for playback control

၂၀၂၁ ခုနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေ

2/17/2022
တရုတ်-မြန်မာ ဆက်ဆံရေးအလှည့်အပြောင်း သံခင်းတမန်ခင်း စဉ်းစားချက်တွေမှာ နိုင်ငံရေးဘောဂဗေဒအမြင်နဲ့ ရှုမြင်နိုင်ဖို့ ပိုမိုလိုအပ်လာတဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကို ယခု Podcast မှာ သုံးသပ်တင်ပြထားပါတယ်။

Duration:00:08:20